Tuesday, January 24, 2012

SSA မြောက်ပိုင်း မကြာမီ ငြိမ်းချမ်းရေးဆွေးနွေးမည်

ဒီရက်ပိုင်းအတွင်းမှာ လက်နက်ကိုင် တပ်ဖွဲ့ တော်တော် များများက မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်လာ ကြတာ ကိုတွေ့ရပါတယ်။


အဲဒီမှာ ဗိုလ်ချုပ်ပန်ဖ ဦးဆောင်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ ရှမ်းပြည်တပ်မတော် SSA-မြောက်ပိုင်း တပ်ဖွဲ့ ကမြန်မာအစိုးရနဲ့ မကြာခင်မှာ တွေ့ဆုံဆွေးနွေးဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။

မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ SSPP/SSA ကနေပြီးတော့ လာမဲ့ ၂၈ ရက်နေ့ တောင်ကြီးမှာ တွေ့ဆုံဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို အကြောင်းကြားလိုက်ပါပြီ။ အဲဒီလို သွားရောက်တွေ့ဆုံတဲ့နေရာမှာ ပြည် နယ်အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့နဲ့ လက်မှတ်ရေးထိုးဖို့ ကော်မတီတစ်ခုနဲ့ ပြည်ထောင်စုအဆင့် ဆွေး နွေးဖို့ကော်မတီ၁ ခုဆိုပြီး ကော်မတီ ၂ ခုနဲ့သွားမှာဖြစ်တယ်လို့ SSA ကပြောပါတယ်။

ပြည်နယ်အဆင့် ကော်မတီကိုတော့ SSPP နိုင်ငံခြားရေးဌာနက ဗိုလ်မှူးကြီး ခွန်ဆိုင်က ဦးဆောင်မှာဖြစ်ပြီး ပြည် ထောင်စုအဆင့်ကော်မတီကိုတော့ SSPP/SSA ဒုအထွေထွေအတွင်းမှူး ဗိုလ်မှူးကြီး ခေးတိုင်းက ဦးဆောင်သွား မှာဖြစ်ပါတယ်။

ပထမဆုံး အနေနဲ့တော့ ပြည်နယ်အဆင့် အနေနဲ့ပဲသွားရောက်ဆွေးနွေးမယ် ပြည်နယ်အဆင့်မှာ ချက်ချင်း အ ဆင်ပြေမယ်ဆိုရင်တော့ ပြည်ထောင်စု အဆင့်ချက်ချင်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ SSPP/SSA ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။

တောင်းဆိုသွားမည့်အချက်တွေကို အသေးစိတ်မပြောပြနိုင်သေးပေမဲ့ SSA အနေနဲ့ကတော့ အနည်းဆုံးတော့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကိုတော့ လက်မှတ်ထိုးနိုင်လောက်မယ်လို့ မျှော်လင့်ထား တယ်လို့ ဗိုလ်မှူးစိုင်းလှကပြောပါတယ်။

Source bySource by BBC"
Read more...

No comments:

Post a Comment